နည်းလမ်း ၁။ တစ်နေ့တာ၏ မနက်အစတွင် တားရော့ကဒ်တစ်ခုကို ထိုတစ်နေ့တာအတွက် ရွေးပါ။ ပြီးလျှင် အဓိပ္ပါယ်ကို လေ့လာပါ။ ကျက်မှတ်ပါ။ ထို့နောက် မိမိ၏ အထင်အမြင်နှင့် ကဒ်အပေါ်ခံစားမှု များကိုမှတ်သားပါ။
တစ်နေ့တာတွင် ကြုံတွေ.ရသော ကိစ္စများနှင့် ပတ်သက်ပြီး တားရော့ကဒ်က ဘာတွေ ဟောသလဲ သင်ယူပါ။
နည်းလမ်း ၂။ ဟောရင်းသင်ယူပါ။ ကဒ်အဓိပ္ပါယ်အချို.သည် ဟောသူ၏ စိတ်ခံစားမှုနှင့် အတွေ.အကြုံ ပေါ်မူတည်ပြီး ပြောင်းလဲပါသည်။ ဘယ်ကဒ်က ဘာဖြစ်တတ်သည်ကို အချိန်နှင့် အမျှသိလာပါမည်။
နည်းလမ်း ၃။ ကဒ်တစ်ခု၏ အဓိပ္ပါယ်တစ်ခုကို စဉ်းစားပြီးနောက် အခြား အဓိပ္ပါယ်ဆင်တူသည့်ကဒ် ဆန့်ကျင်အဓိပ္ပါယ်ကဒ်များကိုတွေးပါ။
ဥပမာ-
အောက်ပါတို့သည် အနည်းငယ် တူညီသည့်သဘောရှိသည်
တစ်ကိုယ်တည်း ၊ လျှို.ဝှက်သောသဘော
တစ်ကိုယ်တည်း စောင့်ဆိုင်း ပြီးလွန်မြောက်ခြင်း
တစ်ကိုယ်တည်း လူဘောင်မှာခွာ ရှာဖွေခြင်း
နားယူခြင်း စဉ်းစားရှာဖွေခြင်း