Wand

Ace of Wands
ဟုတ်တယ်။ ဖြစ်မှာပါ။
အကြံဥာဏ်
မွေးဖွားသည်
စတင်ရန် ခွန်အားမာန်ရှိလာသည်
လုပ်ချင်စိတ်
အခွင့်အရေး
မြူးပျော်သည်
တိုးတက်မှုရသည်
မျိုးစေ့ကား ရှိနေသည် ပြုစုရန်လိုသည်
စိတ်ပါဝင်စား တက်ကြွမှု
ရဲရင့်တက်ကြွပါစေ
ဘဝသစ်စ
အချစ်အတွက်- အချစ်ကြွချိန်၊ ပျော်ရွှင်ဖွယ်ကောင်းချိန်
အလုပ်အတွက်- အခွင့်အရေးရရန် စိတ်အားထက်သန်မှု နှင့် ဖန်တီးမှုလိုသည်

 Two of Wands
ရဲရင့်ခြင်း
အင်အားကြီးစွာ ဦးဆောင်ခြင်း
ဘယ်သူမှမလုပ်သေးတာကို လုပ်ခြင်း၊ ကိုယ်ပိုင်ဟန်ရှိခြင်း
ပါဝါ၊ လုပ်ပိုင်ခွင့် ရှိသည်
အလားအလာကို ကြိုတင်မှန်းဆသည်
အကြံထုတ် အစီအစဉ်ဆွဲသည်
ခရီးမသွားခင် နှိုင်းဆသည်
လမ်းများစွာထဲမှ ရှေ့ရေးစဉ်းစားကာ ရွေးသည်
နည်းဟောင်းလျှောက်ရန်မလို ကိုယ်ပိုင်ဟန်ဖြင့်လုပ်ပါ
အခြေအနေတစ်ခု အမြင့်ဆုံးရောက်သည် (ကမ္ဘာလုံးပင် လက်ထဲရောက်နေသည်)




Three of Wands
အကျွမ်းတဝင်မရှိသည့် နယ်သစ်ထဲ သို့ထွက်ခွာသည် နောက်ပြန်လှည့်ရန်မရှိ
ပါဝါအာဏာလုပ်ပိုင်ခွင့်ရှိသည်
ရဲရင့်သည် မိမိကိုယ်ကို ယုံကြည်သည်
အလုပ်တစ်ခုကို စတင်အစပျိုးလိုက်သည်
အပေါ်ပိုင်းမှ စီမံကွပ်ကဲသည်
ကုန်သွယ်ခြင်း၊ ဈေးညှိခြင်း
ရေရှည် စီမံကိန်းဆွဲသည်
မျှော်တွေးသည်
ရပ်ဝေး ခရီးထွက်ခြင်း
အတိတ်မှနာကျင်မှုများမေ့ပြီး အသစ် စတင်ရန်အချိန်
ကုန်သွယ်ရေး ကို ပူးပေါင်းလုပ်ကိုင်သည်
တိုးတက်ဖို့ရန် သေချာသည်။



Four of Wands
အိမ်ပြန်ရောက်သည်
ဆိုက်ရောက်သည် အောင်ပွဲခံပြန်လာသည်
ကြိုးစားမှု၏ အသီးအပွင့်များရိတ်သိမ်းချိန်
ပွဲလမ်းသဘင် / ပွဲတော်
ဂုဏ်ပြုပွဲ
ပျော်ရွှင်စရာအိမ်
စာမေးပွဲအောင်၊ မင်္ဂလာနှစ်ပတ်လည်၊ မွေးနေ့မင်္ဂလာ၊ မင်္ဂလာဆောင်၊ စသည်
ကြိုးစား၍ အောင်မြင်ပြီးမြောက်ခြင်း
ဂုဏ်သတင်း ကျက်သရေ
ခိုင်မာသော အသင်းအဖွဲ.
အိမ်သစ်ဝယ်သည်
ပြန်ရောက်လာသူက အိမ်သားတို့ကိုပျော်စေသည်
အောင်မြင်မှုရရန် ကူညီသူများကိုကျေးဇူးတင်စကားပြောပါ
အခုလက်ရှိအောင်မြင်မှုနှင့် ဆက်လက်ကြိုးစားပါ
လွတ်လပ်ခြင်း
လန်းဆန်းတက်ကြွသောစိတ်
Five of Wands
အပြိုင်အဆိုင် အနိုင်လုပွဲ
ကစားပွဲ
ပြသနာဖြေရှင်းသည်
ရုန်းကန်သည်
အပြင်းအထန် အားထုတ်သည်
စိတ်ညစ်စရာ အဆင်မပြေမှုများ ဖြစ်နေသည်
လုပ်ချင်သည်များမတူ၍ ငြင်းခုံသည်
စရိုက်မတူ အချင်းများသည်
မတူညီခြင်းများမှ အမြတ်ယူနိုင်လျှင်ကောင်းသည်
အချင်းချင်း ရန်မမူဘဲ စုပေါင်းလုပ်က ပိုကောင်းသည်
အသင်းအဖွဲ.အတွင်း ငြင်းခုံသည်




Six of Wands
ဂုဏ်ယူစရာ၊ အားကျခံရသည်
အောင်မြင်မှု
ဦးဆောင်နိုင်မှု
ထောက်ခံမှု
တိုးတက်မှု
အောင်နိုင်သည်
လူထုဆန္ဒ အများသဘောထား
အသိအမှတ်ပြုခံရသည်
သင်ဒီအခြေအနေရောက်အောင် ထောက်ပံ့ခဲ့သူများအား မေ့မနေပါနှင့် အောက်ခြေမလွတ်ပါစေနဲ့
သမာသမတ်ကျမှု နှင့် တာဝန်ယူစိတ်ရှိရန်လိုသည်
အနေအထားတစ်ခုတော့ အောင်မြင်ပါပြီ သို့သော်ပန်းတိုင် သို့ ဆက်သွားရန် လိုသည်ကို သတိပြုပါ။



Seven of Wands
ရန်လိုသည်၊ ခုခံသည်
အတိုက်အခံကို ခုခံသည် ရင်ဆိုင်သည်
ခုခံရန်အသင့် အတွေးနှင့် သာကြည့်နေသည်
လက်မလျော့၊ နောက်ဆုတ်ရန်မတွေး
သတ္တိရှိသည်
အလုပ်စသည်တွင် စိန်ခေါ်မှုများစွာရှိနေသည် ကိုယ်ဘာကောင်လဲဆိုတာပြဖို့ ရုန်းကန်နေရသည်
ကိုယ့်ယုံကြည်မှုက ဘာလဲသိအောင်သေချာဆုံးဖြတ်ပါ။ မှန်လျှင်စွဲကိုင်ထားပါ။ တခါတလေ လုပ်သင့်သည်ကို အများနှင့် ဆန့်ကျင်ကာ လုပ်ရတော့မည်
စတင်တိုက်ခိုက်သည်
လုပ်မှကို ဖြစ်မည့်အခြေအနေထဲရောက်သည်




Eight of Wands
မြန်ဆန်စွာတိုးတက်ခြင်း (အကောင်း)
အားအင်နှင့် အလျင်အမြန်ပြောင်းလဲသည် (အကောင်း)
မြန်ဆန်စွာဆက်ဆံရေးတိုးတက်သည်
အဆက်အသွယ်အမြန်ရသည်
လေကြောင်းခရီးသွားသည်
အလိုက်သင့်ပါသွားသည် (အကောင်း)
အင်အားဘယ်လောက်သုံးထားလဲ ဂရုပြုပါ။ ရပ်လို့နားလို့တောင်ရတော့မည်မဟုတ်ပါ။ စလိုက်သည်နှင့် အမှီကိုင်ကာလိုက်ဖို့သာရှိသည်။
ဘာလို့ဒီလောက် အလျင်အမြန်လုပ်နေတာလဲကို သတိထားပါ။ ပန်းတိုင်ဆီကိုရော ဦးတည်နေရဲ့လား။ လိုချင်တာနဲ့တည့်နေရင်တော့ အသာအယာပဲ။
စိတ်ဝင်စားရာမှ အချစ်အဖြစ်သို့ ရောဂါတိုးသွားသည်
သင်စောင့်နေသည်မှာ ခဏချင်းပင်သင့်ထံရောက်လာမည်
အရေးကြီး သတင်းစကား
အမှန်ကိုသိရသည်။
အမြန်လုပ်ရန်လိုသည်
Nine of Wands
သတိရှိရှိ
အကာအကွယ် / ကာကွယ်ရန်အသင့်ပြင်ထားပါ
ဒါမျိုးအတွေ.အကြုံရှိတောင် ခုခံရန်အသင့်ပြင်ထားပါ
သံသယ
ဥာဏ်ပညာသည် အတွေ.အကြုံများစုရာမှ ဖြစ်လာသည်
အရင်ကဒါမျိုးဖြစ်ဖူးရင် အဲ့ဒီအချိန်တုန်းက ဘာတွေဖြစ်ခဲ့လဲကို အသုံးချဖို့ သင်ခန်းစာယူပါ
အဆိုးကိုတွေးထားမှ တော်မည်
သင်သည် မြေစာပင်အနေအထားတော့ မဟုတ်ပါ။ သင့်ဖာသာသင် လုပ်ဖို့လိုမလို ရွေးချယ်နိုင်သည်။
သက်လုံကောင်းဖို့လိုသည် ကြာကြာတောင့်ခံရမည်
တဖြည်းဖြည်းနှင့် စုစု လာသည်




Ten of Wands
အောင်မြင်ခြင်း
အလုပ်လုပ်သည်
တာဝန်ယူစိတ်၊ တာဝန်ယူသည်
မနိုင်ဝန်ကို ထမ်းသည်
လေးလံသည်
ကိုယ့်ဖာသာကိုယ်ပိတ်မိနေသည်၊ မနိုင်မနင်းဖြစ်သည်
(သူများမလုပ်နိုင်သည်ကို) ဂုဏ်ယူစွာ လုပ်သည်
တစ်ဦးဦးက တာဝန်ယူလွန်းသည် အလွန်အမင်းအလုပ်လုပ်သည် ဟု ဝေဖန်သည်
မနိုင်ဝန်ဖြစ်နေလျှင် သတိထားပါ အလုပ်များနေသည် နှင့်ပင် အခွင့်ကောင်းများ ဆုံးရှူံးတတ်သည်။
မနိုင်ဝန်ပိကာ ရုန်းကန်ရင်း ဒဏ်ဖြစ်မည် သတိထား
အရေးကြီးသည်ကိုအရင်လုပ်ပါကပိုသင့်သည်
လုပ်သည်နှင့် လုပ်ခတန်လို့လား
သင်လုပ်မှပြီးသည်မဟုတ် အခြားသူလည်းလုပ်တတ်သည်

Page of Wands
လွတ်လပ်သောစိတ်ဓာတ်
သတင်း၊ သတင်းစကား
စပ်စုသည် စူးစမ်းသည်
စိတ်အားတက်ကြွသည်
စိတ်ပါသည်
ရှာဖွေသူ
ရည်မှန်းချက်ကြီးထားသည်
ပေါင်းသင်း ဆက်ဆံရေး ကောင်းသူ သွက်သူ
လုပ်ချင်စိတ်ဖြင့် စတင်လိုက်သည်
အကြောက်နည်းပါးသည်
အသစ်လုပ်သည်
ယုံကြည်ချက်ရှိသည် (မရေရာလျှင်ပင်)




Knight of Wands
ဖိနှိပ်က ပုန်ကန်တတ်
နောက်ပြန်မတွေးတတ် ရှေ့ကိုသာတွေးသူ
စွန့်စားရသည်ကိုကြိုက်
ယုံကြည်မှုလွန်ကဲနေသည် မနိုင်တာကိုနိုင်တယ်ထင်သည်
အပြောကြီးသူ မာန်တက်နေသူ
စိတ်အပြောင်းအလဲမြန် ခုတမျိုးလုပ် တော်ကြာတစ်မျိုး
နေချင်သလိုနေထိုင်သည် ဖရီးစတိုင်
အလောသုံးဆယ်လုပ်
ချစ်ပြလိုက် ဒေါသထွက်လိုက်
စိတ်ဓာတ်အားသန်မြူးတူး
ယှဉ်ပြိုင်ချင်သူ
အလုပ်စလုပ်ရန် မလေးလံပါ။ ဖင်ပေါ့သည်
အလုပ်တစ်ခုကို လုပ်သည်
ရွေ.လျားမှု
မြေပြင်ခရီးသွားသည်
အပူဓာတ်

Queen of Wands
အမှီအခိုမဲ့ လွတ်လပ်စွာလုပ်သည်/ နေသည်
ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိ
ဖန်တီးနိုင်စွမ်းရှိ
ကြည်နူးဖွယ်ကောင်း
ဦးဆောင်သူ
သတ္တိရှိသူ
အားအင်ပြည့်ဝတက်ကြွသူ
ဖော်ရွေ ပေါင်းသင်းတတ်သူ ပေါ်ပြူလာဖြစ်သူ
လွှမ်းမိုးနိုင်သူ
အလျင်အမြန်လုပ်တတ်သူ အရှိန်လိုပါက အရှိန် တင် တတ်သူ
အကောင်းမြင်တတ်သူ
ဆွဲဆောင်မှုရှိ



King of Wands
ခေါင်းဆောင်
ပါဝါအာဏာကြီးသူ
ကိုယ်လုပ်လို့ဖြစ်မယ်လို့ စိတ်ထဲထင်ရင် စွန့်စားဝံ့သူ
ဖန်တီးအားရှိသူ
အားလုံးကို လွမ်းမိုးချုပ်ကိုင်နိုင်သူ
ယုံကြည်မှုအပြည့်ရှိ
ကိုယ့်ကိုယ်ကို အားကိုးအားထားသူ
မာန်မာနကြီး
လုပ်မည်လို့ပြောရင် တစ်ကယ် လုပ်သူ
ကိုယ့်ဂုဏ်ကို အမွှန်းတင်သူ
သတ္တိရှိသူ
ရက်ရောသူ
စိတ်ခေါ်မှုကိုကြိုက်
အချစ်ကြီးသလို အမျက်ဖြစ်က အမျက်ကြီးသည်
မိသားစုကိုဦးဆောင်နိုင်သူ ထောက်ပံ့နိုင်သူ
ရှိသမျှကုန်အောင် လောင်းကစားလုပ်သူ