THE FOOL
· အခွင့်အလမ်းပေါ်ပေါက်သည်
· သုည၊ ဗလာ အဆင့်
· ပွင့်လင်းစွာဖြင့် အရာရာကို လက်ခံနိုင်အောင် လွတ်လပ်စွာ စိတ်ကိုထားပါ၊ မျှော်လင့်မထားသော အခွင့်အလမ်းများစွာ နှင့် အံ့အားသင့်စရာများကို လက်ခံနိုင်ဖို့ပြင်ထားပါ။
· အရူး၊ ရူးသွပ်ခြင်း
· စိတ်လှုပ်ရှားဖွယ် ခရီးစတင်သည်
· ခရီးထွက်သည် / လမ်းသစ်
· စပြီးကိစ္စအတွက်ဆိုလျှင်တော့ မအောင်မြင်ပါ မေ့လိုက်ပါ
· ချောက်ထဲကျတော့မည်
· စိတ်ရောဂါ
· ရဲ့ရင့်တက်ကြွသော
· အစပျိုးသည်
· စွန့်စားသည်
· ဘာမှမသိဘဲခြေစုံပစ် ဝင်ရောက်သည်
· အလိုအလျောက် လှုံ့ဆော်မှု စေ့ဆော်မှု
· အားအင်ပြည့်ဝစွာ စွန့်စားရန်အသင့်ဖြစ်သည်
THE MAGICIAN
· စွမ်းအား စွမ်းပကား ပါဝါ
· လုပ်ဆောင်အောင်မြင်သည်၊ ပြုလုပ်သည်
· ယောက်ျားသား၊ ယောက်ျားဆန်ခြင်း
· ရဲရင့်ခြင်းအားရှိခြင်း
· အမှောင်ခွင်းအလင်းဆောင်
· နိုးကြားသိမြင်ခြင်း
· သဘာဝလွန်ဆန်းကြယ်အတတ်ပညာ
· မျက်လှည့်၊ မှော်
· မျက်လှည့်ဆရာ လူလိမ်
· အာရုံစိုက်မှု စူးစိုက်မှု
· အချက်အချာ
· အသေအချာ ချက်ကျလက်ကျ လုပ်သည်
· ရည်ရွက်ချက်ပါပါဖြင့် လုပ်သည်
· လိုအပ်သော ပစ္စည်းစုံလင်စွာ ရရှိနေသည် လုပ်ရန်အသင့်
· အရံသင့်အခြေအနေရောက်နေသည် စတင်လှုပ်ရှားပါ။
THE HIGH PRIESTESS
· မမြင်နိုင်သော နောက်ကွယ်
· မသိစိတ် (သို့) သတိမထားမိသော စိတ်၏စွမ်းအား
· လှုံ့ဝှက်မှု နက်ရှိုင်းမှု
· တွေးခေါ်မျှော်မြင်၊ ဥာဏ်ပညာ
· မိန်းမ၊ မိန်းမသားဆန်မှု
· အမှောင်လောက၊ အမှောင်
· သဘာဝ၏ စက်ဝန်းသံသရာပုံရိပ်
· အရည်အချင်းကြောင့် လက်ခံရရှိခြင်း (ဥပမာ- ဘွဲ.၊ ဂုဏ်ပြုလွှာ၊ ဒီပလိုမာ)
· အတွင်းစိတ်/မသိစိတ်၏ တွေးခေါ်မှုကိုယုံပါ
· အဖြေကို မိမိကိုယ်တွင်းမှာရှိသည်။ သိရန် တစ်ကိုယ်တည်းရှာပါ
· တိတ်ဆိတ်ညိမ်သက် အထီးကျန်စွာ အဖြေရှာဖွေခြင်း
· တရားထိုင်ခြင်းဖြင့် မိမိလိုအပ်သော အနေအထား စည်းချက်ကျနမှုကို ရှာဖွေခြင်း၊ တိုးတက်မှုရယူခြင်း
· နေအိမ်ပြင်ဆင်ခြင်း၊ ဆေးသုတ်ခြင်း
THE EMPRESS
· မိခင်၊ ကလေးရရှိခြင်း
· ပေါကြွယ်မှု ပေါများမှု ခံစားခြင်း
· ရာထူးဂုဏ်ရှိန်ကြီးသော အမျိုးသမီး
· ဖန်တီးခြင်း ပြုလုပ်လိုက်ခြင်း
· ပြုစုပျိုးထောင်ခြင်း
· ကာမဂုဏ်/အာရုံများကို အရသာခံကျေနပ်ခြင်း
· ဖန်တီးရန်အချိန် ကာလကောင်းဖြစ်သည်
· အရာရာပြည့်စုံနေလို့ သက်တောင့်သက်သာဖြစ်သည်
· ဥယျာဉ်စိုက်ပျိုးသည်
· ပန်းရနံ့ရှိုက်မွေးသည်
· ပြုစုပျိုးထောင်ရန် ဖန်တီးရန် အင်အားပြည့်သည်
· ဖန်တီးနိုင်စွမ်းကို ဂုဏ်ပြုချိန်
· အမေတစ်ယောက်၏ ကြင်နာယုယခြင်း
· ကမ္ဘာမြေသဘာဝကို လှပအောင် ခြယ်သခြင်း
· ရုပ်ရည် ရူပကာ လှပမှု
· ကိုယ်ကာယလှပခြင်း
· အိမ်အပြင်ထွက်ခြင်း
THE EMPEROR
· ဦးဆောင်ခြင်း၊ ခေါင်းဆောင်မှု၊ ဘုရင်
· ဖခင်
· အမိန့်၊ အာဏာ
· စည်းမျည်းစည်းကမ်း၊ ဥပဒေ
· ဖွဲ.စည်းပုံ၊ ခိုင်မာစွာဖွဲ.စည်းမှု၊ ဖွဲ.စည်းတည်ဆောက်ပုံ
· အာဏာရှိသူ
· အခက်အခဲကြမ်း၊ စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိသည်
· ကိစ္စများ တရားဥပဒေကြောင်းအရ ဖြစ်သွားမည်။
· ဥပဒေကိုလိုက်နာပါ၊ ဘောင်ထဲမှလုပ်ပါ။
· နောက်လိုက်များအတွက် ဦးဆောင်ရမည့်အချိန်ဖြစ်သည်
· ကိုယ်ကဦးဆောင် ဆုံးဖြတ်ရမည်
· ရာထူးအမြင့်ရောက်မည်၊ ဦးဆောင်နေရာရမည်။
· အဖေ။
· အစိုးရ၏ မစမှု ခံရတတ်သည်
· မိဘ အကြီးအကဲ နှင့် အဆင်မပြေဖြစ်သည်
THE HIEROPHANT
· သင်ကြားခြင်း၊ သင်ပြရန် အခွင့်အရေး ၊ သင်ယူမှု
· အလှူအတန်း၊ ဘုရားဖူး၊ ရိပ်သာစသည့်ဓမ္မကိစ္စအောင်မြင်
· ဘုန်းတော်ကြီး သို့ ဘုန်းကြီးပုံတော် ကြွသည်
· ယုံကြည်သက်ဝင်မှု၊ ရိုးရာအရယုံသည်
· ကတုံး/ကတုံးဆံပင်ပေါက်များထံမှ သတင်းကောင်းကြားရ
· ထိမ်းမြားလက်ထပ်ခြင်း
· လူ.အဖွဲ.အစည်း၊ အသင်းအဖွဲ.အစည်း
· အဖွဲ.အစည်းထဲ ဝင်ရောက်သည်
· ယုံကြည်မှုများကို လေ့လာဆန်းစစ်သင့်ပြီ
· နူးညံ့စွာလမ်းပြသသည် / သို့ / ကြမ်းတမ်းစွာပင် ညွန်ကြားပြသည်
· ဆရာ၊ ဆရာသစ်ရှာခြင်း
· အထက်သို့တက်ရန်/တိုးတက်မှုရရန် ဘာလုပ်သင့်သည်ကို သက်ဝင်ယုံကြည်မှုဖြင့် ဆုံးဖြတ်ပါ။
· ပညာရေး၊ တိုးတက်ရန် ပညာသင်
· လူ.ဘောင်စည်းကမ်း၊ လူ.ကျင့်ဝတ်
THE LOVERS
· ပေါင်းစပ်မှု၊ ပေါင်းစည်းခြင်း
· ရွေးချယ်ခြင်း
· အကျိုးတူပူးပေါင်းခြင်း စပ်တူလုပ်ခြင်း
· ပူးပေါင်းရန်မိတ်ဖွဲ.ခြင်း၊ ပါတနာဖွဲ.ခြင်း
· ခုံမင်ချစ်သက်ဝင်ခြင်း
· ကာမကိစ္စ
· အူလှိုက်သည်းလှိုက်ပျော်ရွှင်မှု
· သဘာဝကျကျချိင့်ချိန်မှု နှင့် ကိုယ့်စိတ်သဘောအလို (နှလုံးသားနှင့် ဦးနှောက်) နှစ်ခုကို ချိန်ညှိရန်လိုသည်။
· အချစ်ကိစ္စအတွက်ဆိုလျှင် လမ်းမှန်ပေါ်ရောက်နေသည်။
· လမ်းနှစ်ခုမှ တစ်ခုကို ရွေး၊ တစ်ခုကို စတေးရတော့မည်။
· ကိုယ်ရွေးချယ်သည့်ကိစ္စအတွက် တာဝန်ယူရမည်။
· သူငယ်ချင်းအချစ်၊ ၁၅ဝဝအချစ်၊ စိတ်နှစ်ပြီးအနှစ်နာခံမြုပ်နှံခြင်း၊ ကိုယ့်ကိုကိုယ်ချစ်ခြင်း တစ်ခုခုကို ရွေးလိုက်သည်ကို လက်ခံအတည်ပြူသည်။
THE CHARIOT
· ဆုံးဖြတ်ချက်
· ရွေ.လျားခြင်း (ရပ်တန့်မနေခြင်း)
· စိတ်ခွန်အား
· တိုးတက်မှုရရှိသည် (အတိုက်အခံများစွာကြားမှ)
· လွမ်းမိုးအောင်နိုင်ခြင်း (အတိုက်အခံများစွာကြားမှ)
· အခက်အခဲကြားမှ မယိုင်းမယိုင်ဘဲ ထိန်းချုပ်နိုင်ခြင်း
· မိမိကိုယ်ကို ကောင်းစွာထိန်းကျောင်းနိုင်ခြင်း
· အရှုံးမပေးဘဲ အခဲအခက်ကြားမှ အေးဆေးတည်ငြိမ်စွာ စိတ်ရှည်စွာ ဆက်လုပ်ကိုင်နိုင်မည်
· ခရီးထွက်ခြင်း
· ပို့ဆောင်ရေးအလုပ်
· ကား၊ ရထား၊ ယာဉ်၊ လေယာဉ်စသည့် ပို့ဆောင်ရေးပစ္စည်း ကိစ္စ
· အတိုက်အခံကိစ္စများစွာရင်ဆိုင်ရပြီး ကြိုးစားပါမှ အောင်မြင်သည်
THE STRENGTH
· အကြမ်းအားမသုံးသော စွမ်းအားပါဝါဖြင့် သိမ်းသွင်းသည်
· ယုံကြည်ချက်ရှိ
· စိတ်စွမ်းအင်၊ ကိုယ်တွင်းအား၊ အတွင်းအား
· ပါဝါအာဏာလွှမ်းမိုးနိုင်မှု / ချုပ်ကိုင်ခြင်း
· စိတ်ရှည်ခြင်း။ သတ္တိ။
· အိမ်မွေးတိရိစ္ဆာန် ကိစ္စ
· အတွင်းစိတ်ခိုင်မာဖို့လိုသည်
· ရိုင်းစိုင်းခက်ထန်ရာမှ ယဉ်ကျေးပျော့ပျောင်း လိမ္မာပါးနပ်လာသည်။
· ရှူးရှူးဒိုင်းဒိုင်းပေါက်ကွဲခြင်းထက် ပညာပါပါ အနိုင်ယူသင့်
· တွေးခေါ် အယူအဆမြင့်မားလာရန် တစ်ခုခုတွေ.ကြုံသည်
· အရှုံပေးခြင်းမဟုတ်ပါ အချိန်ယူ ထိန်းကျောင်းပြီး ပိုမြင့်သော လမ်းကို ရှာနေခြင်းသာဖြစ်သည်။
· မေတ္တာ ကရုဏာနှင့် ပြိုင်ဘက်ကို ရင်ဆိုင်အနိုင်ယူပါ။
· အနေအထားကောင်းပြန်ရောက်အောင် အချိန်ယူသည်
· သူတပါးစိတ်အခြေအနေကိုနားလည်ပါ/ခြင်း
· ချုပ်နှောင်ခံရ၊ အကြပ်ကိုင်၊ မိန်းမတဦးအကြပ်ကိုင်
THE HERMIT
· အထီးကျန်
· ရှာဖွေခြင်း
· အခြားသူများအား အလင်းပေး လမ်းညွှန်ပြသ
· တွေးခေါ်ဥာဏ်ကြီးမှု
· အဖြေကို ကိုယ့်ကိုယ်တွင်းမှာသာရှာပါ
· ပိုမိုနက်ရှိုင်းသောနားလည်မှုရရန် နေနေကြလောကမှ ခဏစွန့်ခွာရှာဖွေသည်။
· တစ်ကိုယ်တည်းနေသည်
· တရားရှာထွက်သည်
· လမ်းပြနိုင်သည့် ဆရာကောင်းတွေ.မည်
· အတုယူဖွယ် စံနမူနာထားဖွယ်လူ
· စိတ်ကိုစန်းစစ်သည်
· လျှပ်စစ်၊ မီး ကိစ္စများ အောင်မြင်
· ပြည်ပ သင်တန်း၊ ပြည်ပ ပညာသင် အောင်မြင်
THE WHEEL OF FORTUNE
· အပြောင်းအလဲသည် ရှောင်လွှဲ မရပါ
· တိုးချဲ.ခြင်း
· အရှိန်မြင့်လာသည်
· ကံကောင်းခြင်း ကံကောင်းလျှင်လည်းတစ်ကယ်ပင်ကောင်းဖို့ဖြစ်ခြင်း
· သံသရာစက်ဝန်းတစ်ကျော့ပြန်သည်
· ရည်မှန်းချက်ပန်းတိုင်
· မည်သည့်အရာမှ မမြဲပြောင်းလဲတတ်ခြင်းသဘော
· အပြောင်းအလဲကိုတော့ တားမရနိုင်ပါ။ ဘယ်လို အပြောင်းလဲကို တုံ့ပြန်မှာလဲ ဆိုတာက အရေးကြီး
· ကိုယ့်ကိုကို အေးဆေးစွာ ဆုံးဖြတ်ချက်များချဖို့ လုပ်ဖို့လိုသည် ကံကတော့ အမျိုးမျိုးထိန်းလို့မရဘူးလို့ ထင်ရလောက်အောင် ပြောင်းလဲပြနေမှာပါ။
· အပြောင်းအလဲကာလ
· သဘောတရား၊ အနေအထား၊ လည်ပတ်ပုံ၊ ပုံစံ တစ်ခုခုကို နားလည်သဘောပေါက်သည်။
THE JUSTICE
· မျှတမှု၊ မျှမျှတတဖြစ်မည်
· ရိုးသားမှု
· စောင့်ထိန်းရမည့် ကျင့်ဝတ်
· ကျိုးကြောင်း စဉ်းစားချင့်ချိန်မှု
· မျှခြေ အခြေအနေ
· ဆုံးဖြတ်ချက်
· တာဝန်ယူတတ်စိတ်
· အမှန်အတိုင်းဝန်ခံခြင်း၊ အမှန်ပြောသည်
· တရားဥပဒေရင်ဆိုင်ရမည်၊ မှန်သူနိုင်မည်။
· လောကသဘောအရ အကြောင်းကြောင့် အကျိုးဖြစ်သည်
· အမှန်တရား လောကသဘောကို တားဆီးလို့မရပါ
· လိမ်လည်သူ၊ လှည့်ပတ်သူများ အလိမ်ပေါ်မည်
· အမှန်အတိုင်းလုပ်မှ အောင်မြင်မည်။ ခံစားချက်ရှေ့တန်းမတင်ရ။
· မျှတမှုကို လိုလားနေပါက အခုအချိန်သည် အချိန်ကောင်းဖြစ်သည်။
THE HANGED MAN
· ဘာမှမတတ်နိုင်လို့ အရှူံးပေးလွှတ်ထားလိုက် ရသည်
· ကျန့်ကြာခြင်း၊ ရပ်ဆိုင်းထားရခြင်းဖြစ်မည်
· တစ်ခုခုရရန် ယခုစတေးရမည်
· စတင်ခြင်း အစပျိုးခြင်း
· ပုံမှန်မဟုတ်သော အတွေးသစ် အမြင်သစ် ရှု.ထောင်သစ်
· ကိုယ်ကျိုးမရသော ကာလ
· ရပ်ပြီးအတွေးအမြင်သစ်ရရန် လေ့လာသင်ယူစူးစမ်းသည်
· လက်ရှိအခြေအနေကို အတင်းထိန်းချုပ်သည်ထက် သူ.သဘောသူဆောင်သွားသည်က သင့်တော်မည်။
· မသေချာသည်များကို မကြောက်ဘဲငြိမ်းချမ်းစွာနေနိုင်ဖို့လို
· အခက်အခဲ၊ အတွေ.အကြုံ၊ သင်ခန်းစာများကို လေ့လာဆန်းစစ်ပြီး အမြင်သစ်ရအောင်လုပ်သင့်ပြီ။
· ရှေ့တစ်ဆင့် တိုးတက်ဖို့ရာ စတေးရမည့်အချိန်ကာလ
· ဇောက်ထိုးမိုးမှော်ဖြစ်သည်၊ ဘာမှမတတ်နိုင်
· ကိလေသာဖယ်ခွာချရန်ကျင့်ခြင်း
· မြင့်မားသောသဘောကိုသိမြင်ရန်ကျင့်ခြင်း ဥာဏ်ပညာကြီးသော သဘော
THE DEATH
· လုံးဝခြားနားစွာ ပြောင်းလဲဖို့ရာ အဆုံးသတ်ခြင်း
· အဆုံးသတ်သွားခြင်း၊ ပိတ်သိမ်းခြင်း (မေးပုံကို သေချာကြည့်ပါ- ဥပမာ ရောဂါအခြေအနေလို့မေးရင် ရောဂါပျောက်မည်။ လူအခြေအနေဆိုလျှင် သေမည်။)
· ငွေမည်းဝင်ခြင်း
· အကောင်ပြောင်းခြင်း၊ ပုံပြောင်းခြင်း
· အဖတ်ဆယ်မရ/ သုံးမရတော့ တာတွေအတွက် အချိန်ကုန်မခံပါနဲ့တော့။ ပိတ်မိမနေပါနဲ့တော့။ ခရီးဆက်ဖို့သာပြင်ပါ။
· ကွဲကွာခါနီးအချိန်။ ပြတ်ဆဲခါနီးအချိန်။
· အိမ်ပြောင်းသည်။
· အလုပ်ပြောင်းသည်။
· အသာအယာလွယ်ကူသော အပြောင်းအလဲမဟုတ်ပါ။
· ယခင်ကိစ္စကို လုံးဝအဆုံးသတ်မှသာ အသစ်စနိုင်မည်။
· သေဆုံးသည်။ ဘဝပြောင်းသွားသည်။
· ပြီးဆုံးခြင်း၊ ဆုံးရှုံးခြင်းကို ဘဝသင်ခန်းစာယူသင့်သည်။
· ကိလေသာပယ်ခွာသည်။ သန့်စင်သည်။
THE TEMPERANCE
· ဟန်ချက်ညီ မျှတအောင် ချိန်ညှိခြင်း ဟန်ချက်ညီမှု
· စိတ်တိုင်းကျ အိမ်နေရာရမည်
· အနာရောဂါသက်သာပျောက်ကင်းခြင်း
· ပေါင်းစပ်ခြင်း (မတူညီကွဲပြားသော အရာ /သို့/ လူ များကို ပေါင်းပြီး အသစ်တစ်ခုဖြစ်ပေါ်ခြင်း)
· ပေါင်းစပ်ပြီး ပစ္စည်းအသစ်တစ်ခုခုကို ထုတ်လုပ်ခြင်း
· နတ်ဒေဝါ
· ငွေဝင်ခြင်း
· အလုပ်နှင့် မိသားစု မျှတအောင် ကြိုးစားခြင်း
· မိမိနှင့် အခြားသူတစ်ဦး ဟန်ချက်ညီအောင် ညှိယူခြင်း
· သာယာဝပြောခြင်း
· ကိစ္စများ တိုးတက်ရန် ခဏရပ်ပြီး တစ်ခုစမ်းကြည့်လိုက် ကောင်းလားစောင့်ကြည့်လိုက် နောက်တစ်ခုလုပ်လိုက် စသည်ဖြင့် လုပ်ရမည့်အချိန်ဖြစ်သည်။ (ထိုကိစ္စတွင် ခံစားချက်နှင့် လုပ်တွေ.ဆန်ခြင်းကိုပေါင်းစပ်လုပ်ပါက ပိုတိုးတက်မည်။)
· အစွန်းမရောက်ဘဲ ညှိနိုင်းဆွေးနွေးကာ အဆင်ပြေသည်။
THE DEVIL
· အာသာပြင်းခံစားမှု၊ အာရုံတို့ကို တွယ်တာခံစားမှု
· ကာမ/ အာရုံ တွယ်တာ ငြိနှောင်ခြင်း ခံစားခြင်း
· ပစ္စည်းအပေါ်စွဲလမ်းမက်မောခြင်း၊ ငွေမက်ခြင်း
· ရုန်း မထွက်နိုင်ခြင်း
· ဒုက္ခပေးမည့် အရာကိုမှ ခံစားချင် လိုချင်သည်
· ဆေးအရက်စသည် စွဲခြင်း
· အာရုံကိုငတ်မွတ် ခံစားလိုခြင်း
· ကိုယ့်ကိုကိုယ် နစ်မွန်းအောင် ဖျက်ဆီးခြင်း
· မကောင်းသောအမှုတွင် မွေ.လျော်ခြင်း
· ကောင်းသော မြတ်သောအကျင့်မှ ဝေးကွာခြင်း
· အမှောင်လောက ၊ ပရောဂ၊ နတ်ဆိုး၊ အပမှီခြင်း
· လွတ်လပ်မှုပျောက်ကွယ်ခြင်း
· တစ်ခါတစ်ရံတွင် - မကောင်းမှုလေး နည်းနည်းကို အပျော်လုပ်လိုသောသဘောကို ပြသသော ကတ် ဖြစ်သွားသည်။ သို့သော် နောက်ဆက်တွဲကတော့ ကိုယ်သာခံရမည်။
· မျှော်လင့်ချက်မဲ့ခြင်း၊ အနာဂတ်တွင်မကောင်းကျိုးမြင်ခြင်း
THE TOWER
· ပုံမှန်မဟုတ် ရုတ်တရက် ပြောင်းလဲမှု
· အကြံပျက်စီးသည်၊ အဆုံးထိ ပျက်စီးသည်။
· အကျဉ်းအကြပ်ရုတ်တရက်ဖြစ်သည်
· ပေါက်ကွဲသည်
· ပြိုလဲသည်၊ ပြုတ်ကျသည်
· ဂုဏ်သတင်းပျက်စီး ညိုးနွမ်းသည်
· ဖြတ်ခနဲ မြင်တွေ./ ကြံစည်သည်
· အလိမ်ပေါ်သည်၊ ဖုံးဖိထားသည်များပွင့်အံသည်
· စိတ်ပျက်စရာကြီးကြီးကြုံသည်၊ စိတ်ဖိစီးသည်
· အံ့အားသင့်စရာကိစ္စ တွေးမထားဘဲ ဖြစ်သည်
· ခဲလေသမျှ သဲရေကျ ဆိုသလို ပျက်စီးသွားသည်
· သဘာဝဘေးအန္တရာယ်ကြုံရသည်
· အသစ်သာလုပ်တော့အခုမကုန်နောင်အကုန်ကုန်မှာ
· မျှော်လင့်မထားဘဲကလေးရသည်
· မျှော်လင့်မထားဘဲ ငွေအလုံးအရင်းကုန်သည်
· ငွေကို အရေးပေါ်အတွက် နည်းနည်းဖယ်ထားပါ။
· စိတ်ရူးပေါက်သွားသည်။ စိတ်ရောဂါထသည်။
THE STAR
· မျှော်လင့်ချက်။ ကံကြမ္မာပွင့်လန်းသည်။
· အားသစ်လောင်းပြီး လတ်ဆတ်သော အစနိဒါန်း
· သန့်စင်ခြင်း၊ သန့်ရှင်းအောင်လုပ်ခြင်း
· နက္ခတ်။ သဘာဝလွန်ပညာရပ်များ
· ငြိမ်းချမ်းရေး။ ငြိမ်းချမ်းမှု။ သာယာမှု။
· အကောင်းမြင်၍ စိတ်ချမ်းသာခြင်း။
· ဆူးခင်းလမ်းမှ ပန်းခင်းလမ်းသို့… (လောကသဘောအရ ..အကောင်းများလာပြီ)
· တရား အသိဥာဏ်ပွင့်မည်။ ဆက်သွယ်ခြင်း။
· နေကောင်းမည်။ ရောဂါပျောက်မည်။
· ရေနှင့်ပတ်သက်သော ကိစ္စ ဆင်ပြေသည်။
· အနာဂတ်ကိုလည်းကြံဆပါ၊ လက်ရှိကိုလည်း အားလျော့မသွားဘဲ ကြိုးစားပါ။
· အကောင်းများဖြစ်ရန် တည်ငြိမ်မှုရှိဖို့ လိုသည်။
· ဆုံးမသောကိစ္စ္ပတွင် အကောင်းမြင်ပြီး နူးညံ့ပါစေ
· တီထွင်မှုများအောင်မြင်ပြီ/အောင်မြင်တော့မည်
· ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည်
THE MOON
· အမှောင်ထု
· မသိခြင်း သံသယ
· သားသမီးဆိုးအတွက် စိတ်ညစ်ရသည်
· ပုံရိပ်ယောင်။ ပုံမှားရိုက်။ အထင်မှား။
· အကြောက်တရား
· ပြင်းထန်သောစိတ်ခံစားမှု
· ဆုံးဖြတ်ချက် လမ်းမှားရောက်သည်
· ဖုံးကွယ်ထားခြင်းများရှိသည်
· သင်ဘာကိုကြောက်လဲ? သင့်မျှော်လင့်ချက်တွေကဘာလဲ? ဘာခံစားချက်တွေရှိလဲပြန်ကြည့်သင့်တယ်။ ဘာမှမလုပ်ခင် အရင် စဉ်းစားပါဦး။ အလောတကြီးနဲ့ မမှားပါစေနဲ့။
· ဖုံးကွယ်ထားသင့်သည်များလည်း ရှိသည်
· ဥတု ရာသီကာလ အပြောင်းအလဲ
· လပြည့်လကွယ်
· မိန်းခလေး၏ လစဉ်ရာသီစက်ဝန်း
· လောင်းကစား ရှုံးမည် ရပ်ထားပါ။
THE SUN
· အောင်မြင်ခြင်း၊ အကောင်းဘက်ရောက်ခြင်း
· ပျော်ရွှင်ခြင်း
· သေချာပေါက် အောင်မြင်မှာပါ / ဟုတ်ပါတယ်
· ကြည်လင်ပြတ်သားခြင်း
· ခိုင်မြဲသေချာခြင်း
· ဥာဏ်အမြင်ပွင့်လင်းခြင်း၊ အယူမှားမှ လွတ်မြောက်ခြင်း၊
· မှားယွင်းစွာ သက်ဝင်ယုံကြည်မှု မှ လွတ်ခြင်း
· ဥာဏ်ကွန့်မြူးခြင်း၊ စိတ်တက်ကြွခြင်း
· အသက်ရှင်ခြင်း၊ အသက်ချမ်းသာရာရခြင်း
· အားလုံးကို ဖွင့်ချပြဖို. အချိန်တန်ခြင်း
· ထင်ပေါ်ရမှာကြောက်မနေပါနဲ့၊ အောင်မြင်မှုတွေကို ထုတ်ဖေါ်ပြီး အောင်ပွဲခံပါတော့။
· စိတ်လွတ် ပျော်ရွှင်စွာ ဖန်တီးပါ။ စူးစမ်းပါ။
· သင်လုပ်ဖို့ အာသီသပြင်းခဲ့တာတွေ (ကောင်းတဲ့ဟာ) လုပ်တော့။
· အားအင်ပြည့်ခြင်း
THE JUDGEMENT
· အဆုံးအဖြတ် + အပြောင်းအလဲ
· ပြန်လည်မွေးဖွားခြင်း၊ အသစ်တဖန်ပြန်လည်ဖြစ်ခြင်း
· အရင်ဖြစ်ခဲ့သော ကိစ္စများကို ပြန်လည်သုံးသပ်ခြင်း
· အကျိုးသက်ရောက်မည့် အပြောင်းအလဲလုပ်ရန် သုံးသပ်ဝေဖန်ပိုင်းခြားသည်
· ကိစ္စများကို ဘာကြောင့်လဲဟု ပြန်လည်သုံးသပ်ကာ သင်ခန်းစာယူကာ ပြောင်းလဲရမည့် အချိန်ကာလ
· ရိုးသားစွာ စဉ်းစားပါ လုပ်ကိုင်ပါ လမ်းမှန်ရွေးပါ။
· ပိုမိုမြင့်မားအောင် တက်လှမ်းဖို့ ကြိုးစားနိုင်သည်
(မဖြစ်နိုင်ဘူးဆိုတာ မရှိပါ။)
· နိုးကြားလာသည် နိုးထလာသည်
· အချက်ပြခြင်းများ ခေါ်သံ။ လုပ်ချိန်တန်ပြီဟု ထင်
· ခွဲနေရသူပြန်ဆုံ၊ ရပ်နေသောအခွင့်အရေးများ ပြန်ရ
· မှန်ကန်စွာ တရားစီရင်မှု
· ဆုံးဖြတ်ရခက်သည့်ကာလ ရိုးသားပါကအောင်မြင်
· အပြစ်ဆေးကြောသန့်စင်။ အကူအညီပေးသူများပေါ်
· သမားကောင်းတွေ.သည်
THE WORLD
· ပြီးမြောက်အောင်မြင်ခြင်း။ စတင်ခြင်း။
· နိုင်ငံခြား/ရပ်ဝေးမှ ဧည့်လာ/ သတင်းကောင်းလာသည်
· ပြည့်စုံခြင်း၊ ပြည့်ဝခြင်း
· လိုအပ်ချက်များပြည့်စုံခြင်း၊ တစ်ခုပြီးတစ်ခုစိတ်ချမ်းသာရ
· အောင်ပွဲ။
· ရည်မှန်းချက်ခရီးရှည်၏ ပန်းတိုင်ရောက်ခြင်း
· ဘဝသင်ခန်းစာများ တတ်မြောက်ခြင်း
· အသစ် စတင်ရန် အရံသင့်ဖြစ်ခြင်း
· ဘွဲ.ရခြင်း
· ကမ္ဘာမြေ၊ မြေကြီး
· ကိုယ်ကျိုးပြည့်စုံပြီး ပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကောင်းကျိုး အတွက်လုပ်ရန် အချိန်ကာလ
· သဟဇာတဖြစ်သည် ပေါင်းစည်းသည်။
· တစ်ခုခု ထုတ်လုပ်သည်
· ဥာဏ်ပွင့်သည်
· ဂုဏ်သတင်းကျော်ဇောခြင်း၊ ကြီးမြတ်ခြင်း
· ထိပ်ဆုံးရောက်သည်