တားရော့ မွေးခြင်း

တားရော့ကို ရရခြင်းဟောလို့မရသေးပါဘူး။

တားရော့ကို ကိုယ်နဲ့တတ်နိုင်သမျှ ရင်းနှီး နီးစပ်အောင်ထားပါ။
ဝယ်ထားတဲ့ကဒ်တွေကို ခေါင်းအုံးအောက်ထည့်အိပ်ပါ။
ဖုန်း software ဆိုရင်ကိုယ်ကိုင်နေကျ ဖုန်းဆိုကောင်းပါတယ်။
သွားလေရာယူသွားပါ။ နီးစပ်လေကောင်းလေပါပဲ။ နောင်ကျတော့ ဟောရင်း သယ်သွားရင်းနဲ့ အတော်ရင်းနှီးလာပါမယ်။

နောက်တစ်ချက်က သန့်စင်ရမယ်။ မွှေးနေသင့်တယ်။ ညစ်ပတ်မနေရဘူး။
တားရော့က ရေမွှေးနံ့ဆွတ်သင့်ပါတယ်။ တားရော့ကဒ်ကိုဒီတိုင်းမထားရပါဘူး။ ဘူးထဲထည့်ပြီး အနက်ရောင် ပတ်စနဲ့ထုပ်သင့်ပါတယ်။ အနက်ရောင်ပိတ်စဖြန့်ခင်းပြီး ပိတ်စပေါ်တင်ပြီး ဟောသင့်ပါတယ်။
ပိတ်စကို ရေမွှေးဆွတ်လိုက်ရင် တာရော့လဲမွှေးသွားတယ်

တားရော့ ဆိုတာ မဝယ်ရဘဲ လက်ဆောင်ဖြစ်ရမယ်လို့ အချို.ကပြောပါတယ်။
တကယ်တော့ ဝယ်လဲမှန်နေတာပါပဲ။