Cup

Ace of Cups
ကိုယ်တွင်းမှလာသော နက်ရှိုင်းသော စိတ်ခံစားချက်များ ဥပမာ- အချစ်စိတ်၊ ကိုယ်ချင်းစာစိတ်၊ စိတ်ချင်းနီးခြင်း၊ သူများ၏စိတ်သဘောကိုနားလည်ခြင်း၊ စသည်များ
ဆက်ဆံရေးနီးစပ်မှုရသည်။ ဆက်သွယ်မှုရသည်
ကိုယ်တွင်းအသိနှင့်ခံစားချက်ကို အလေးပေး ဂရုပြုပါ။
လိုအပ်နေသူများကို စိတ်ချမ်းသာရအောင်ပေးကမ်း သည်
ချစ်ကြောင်းပြသသည်/ ထုတ်ဖေါ်သည် / ဖွင့်ပြောသည်
စိတ်ခံစားချက်ကို ဖော်ထုတ်ပြသည်
ရည်းစားစာပေးသည်
အချစ်သစ်။ ပျော်ရွှင်မှုအသစ်။
စိတ်ဓာတ်ပြန်လည်တက်ကြွ လန်းဆန်းလာသည်
မကောင်းသော စိတ်ခံစားချက်ကို ပယ်လိုက်သည်
စိတ်ကြည်နူးရသော လက်ဆောင်
မျှော်လင့်နေသော ကိုယ်ဝန်ရသည်။ မွေးဖွားသည်။
အသိမြင့်မားခြင်း တစ်ဆင့်တက်သည်
ချစ်သော၊ ရင်းနှီးသောလူများ၏ (တွေ.ဆုံရန်) ဖိတ်ကြားမှု

Two of Cups
အချစ်
ပေါင်းစည်းခြင်း
ယုံကြည်မှု၊ အချင်းချင်း ထောက်ပံ့မှုပေးခြင်း
ဆွဲဆောင်မှုရှိခြင်း
အကျိုးတူ အလုပ်အတူတွဲလုပ်သည် / ပါတနာဖွဲ.သည်
ညီမျှခြင်း (သို့) နှစ်ဦးနှစ်ဖက် အနည်းငယ်စီ အလျော့ပေးကာ  ညှိပြီး အဆင်ပြေအောင်လုပ်လိုက်သည်
ဆန့်ကျင်ခဲ့သူများ ငြိမ်းချမ်းရေးတည်ဆောက်သည်
နားလည်မှုရသည်
နှစ်ခု (သို့) နှစ်ခုထက်ပို ပေါင်းကာ တစ်ခုခုကိုစတင်သည်
မျှဝေခြင်း၊ ကူညီထောက်ပံခြင်း
ပြန်လည်သင့်မြတ်သည် /တည့်သည်




Three of Cups
အပေါင်းအသင်း
ပါတီကျင်းပသည်၊ အောင်ပွဲခံသည်
အပျော်ကိစ္စ ပျော်ရွှင်မှု
အောင်မြင်မှု
ကခုန်သည်
ဖျော်ဖြေသည်
ရိုးရာပွဲတော်၊ ထုံးစံ အရလုပ်သည့် ပွဲ
အပေါင်းသင်း အချင်းချင်းယုံကြည်မှုရှိခြင်း
ပေါင်းသင်းပီသစွာ ကောင်းသောရလဒ်ကို မျှဝေခံစားခြင်း
ပေါင်းသင်းပီသစွာ ကူညီထောက်ပံ့ခြင်း
အပေါင်းအသင်းစိတ်ဓာတ်
စည်းလုံးအင်အား
အသင်းအဖွဲ. အတွင်း တက်ညီလက်ညီလုပ်သည်



Four of Cups
ငြီးငွေ. ပျင်းစရာ
စိတ်သဘောမတွေ. မကျေနပ်ချက်
ရုပ်သိမ်းသည် နောက်ဆုတ်သည် (စိတ်မပါသဖြင့်)
လုပ်သင့်သည်ကိုမလုပ် စိတ်ကူးယဉ်နေသည်
စိတ်မပါလက်မပါဖြစ်သည်
အခွင့်အရေးများနှင့် စိတ်ပါဖွယ် အခွင့်အလမ်းများ ရှိနေသော်လည်း ဂရုပြု စိတ်မပါလို့ မမြင်တာပါ
စိတ်မပါလက်မပါဖြစ်ပါက မရပ်လိုက်ပါနဲ့ သို့သော် အားအင်ဖြစ်ပေါ်ရန် ခဏနားပါ။ အားအင်သစ် မျှော်လင့်ချက်အပြည့်ဖြင့် စိတ်ပါလက်ပါ ပြန်စပါ
သူတပါး/အခြေအနေအရ မလုပ်ဘဲ မိမိ ဆန္ဒကိုသာ ဦးစားပေးနေသည်




Five of Cups
နှစ်သက်သောအရာ / လူ ဆုံးရှူံးမှု
စိတ်ပျက်သည် စိတ်ဓာတ်ကျသည်
အကြောက်တရား
လုပ်ခဲ့သည့် အပြစ် ကိုတွေးကာ နောင်တရ ခံစားသည်
စိတ်ခံစားမှုနောက်လိုက်ကာ ပြုလိုက်ခြင်းကြောင့် အဆိုးတစ်ခုကြုံပြီးနောက် အပြောင်းအလဲကာလ
ဝမ်းနည်းကြေကွဲသည်
ဆက်ဆံရေး လမ်းခွဲ
မကောင်းတာတစ်ခုခုလာတော့မည်ဟု စိတ်ထဲထင်သည်/ နိမိတ်ထင်သည်
လွန်ခါမှရသော နောင်တ




Six of Cups
အတိတ်ကာလ အတိတ်ကာလမှ အောင့်မေ့ဖွယ်ရာ ကိစ္စ
လက်ဆောင်မွန်
ကြင်နာမှု။ စောင့်ရှောက်မှု
စိတ်ကောင်းနှလုံးကောင်း
ကာကွယ်စောင့်ရှောက်ခြင်း
ငယ်စဉ်ခါ ကလေးဘဝ ၊ ကလေးဘဝခံစားမှု
ကလေးဆန်သော
ဖြူစင်ရိုးသား အပြစ်ကင်းခြင်း
အခြားသူ၏ တနေ့တာကို အလင်းပေးရန် နည်းလမ်းရှာ
ကလေးများကို ကြည့်ကာ ရိုးသားမှုကို သင်ယူရန်ကာလ
အရင်အတိတ်က ရိုးသားဖြူစင် နူးညံ့ခဲ့ခြင်းကို ဥာဏ်ဖြင့်စဉ်းစားကာ လက်ရှိမှာ သုံးရန်လိုသည်
အတိတ်ကို သတိရစေသော ပစ္စည်း သို့မဟုတ် လူ
အိမ်ပြင် အလှဆင်သည်။
လက်ဆောင်ရွေးသည် (ရိုးရှင်းသောလက်ဆောင်သည် သင့်တော်မည်)

Seven of Cups
စိတ်ကူးများများလွန်း/ရွေးချယ်စရာများလွန်း ၍ ဘာကိုမှမရွေးဖြစ် မလုပ်ဖြစ်ဘဲ ဝေခွဲခက်သည်။
လက်ရှိကို အာရုံမစိုက်နိုင်ဘဲ ကြံစည် အာရုံများနေသည်
လုပ်သင့်သည့် လမ်းကိုရွေးရန်လိုနေပြီ အာရုံကိုစုစည်းပါ
စိတ်ကူးယဉ်သည်။
စိတ် ဂယောက်ဂယက်ဖြစ်သည်။
အာရုံထဲမှန်းဆ ပုံဖော်နေသည်
တီထွင်ကြံဆပြီး စိတ်ကူးထဲပုံဖော်သည်
နှစ်သက်ဖွယ် ခံစားစရာများကို စိတ်ထဲမှန်းဆသည်
ရည်မှန်းသည်က လက်တွေ.မဖြစ်နိုင်လောက်အောင် ကောင်းလွန်းနေသည်
လက်တွေ.လုပ်ရန် ပျင်းရိသည်
ခံစားပျော်ပါးလွန်းနေသည်
ကျန်းမာရေး/အလုပ်ထိခိုက်လောက်အောင် အပျော်မက်သည်

Eight of Cups
စွန့်ခွာသည်၊ စွန့်ခွာပြီး ရှေ့ဆက်သည်
မတတ်နိုင်၍ အရှူံးပေးသည်
စိတ်အားသန်မှုပြန်ရရန်တည်ဆောက်နေသောကာလ
ခရီးထွက်သည်
နေရာ သို့ တစ်ခုခု ကိုစွန့်ခွာသည် (အလုပ်ထွက်သည်၊ ပြတ်စဲသည်၊ မျှော်လင့်ချက်ကိုစွန့်လွှတ်သည် အိမ်ပြောင်းသည်.. စသည်)
တစ်ကိုယ်တည်း နေပြီး စိတ်နဂိုအခြေအနေပြန်ရရန် အခြေအနေတို့ကို ပြန်လည် စဉ်းစားသည်
မဖြစ်နိုင်ဟုထင်သောကြောင့် စိတ်ပျက်ကာ အခြေအနေကောင်း အခွင့်ကောင်းကို ရှာရန်လုပ်သည်။
စိတ်မပါသည့်အရာကို စွန့်ပြီး အသစ်ရှာသည်
လက်ရှိကို စိတ်ကုန်စိတ်ပျက်လာသည် အင်အားပါမရှိချင်တော့ပါ


Nine of Cups
စိတ်ချမ်းသာ လိုအင်ပြည့်ဝသည်
ဇိမ်ခံသည်၊ ခံစားပျော်ပါးသည်
မျှော်လင့်ချက်များ အောင်မြင်သည်
ပါတီကြီးပေးသည်
ကျန်းမာရေးကောင်း နေလို့ကောင်းသည်
လက်ရှိရနေသောနေရာ သို့ အခြေအနေကို ကျေနပ်သည်
ရည်မှန်းချက်များ ပြည့်ဝရန်နည်းနည်းသာလိုတော့သည် ပြည့်ဝလျှင်ပျော်ရမည့်အဖြစ်ကို တွေးကာ အားဖြည့်လုပ်ပါ
အရာရာပြည့်စုံနေသည်ဟု ထင်နေသောလူတစ်ယောက်
လိုသည်ထက်ပိုမိုကာ အလွန်အမင်း မာန်တက်နေသူ
အလှအပကိုခံစားသည်
ကာမဂုဏ်ခံစားသည်
ကျေနပ်စွာ အနားယူသည်



Ten of Cups
လိုအင်ပြည့်ဝ စိတ်ချမ်းသာရသည်
စိတ်ချမ်းသာစရာကို ဘေးမှလူများနှင့် မျှဝေခံစားသည်
ပျော်ရွှင်ချမ်းမြေ့သော အိမ်၊ အိမ်ထောင်
နတ်ဖက်သောဖူးစာ (ကံကောင်းသည်)
ဘဝ၏ ပျော်စရာ အချိန်များ
မပြည့်ဝသေးသောအခြေအနေတွင် ဤကဒ်ကျခဲ့သော်
ပျော်စရာတွေဖြစ်လာတော့မှာမဟုတ်ပါဘူးဟု ညည်းတွား နေမည့်အစား လုပ်သင့်တာလုပ်ကဖြစ်လာနိုင်သည်။
အိမ်အတွင်း စိတ်ချမ်သာစရာကောင်းသည်
နေကောင်းသည်
အနာဂတ်အရေး စိတ်ချမ်းသာဖွယ် ဖြစ်သည်
မိသားစုပြန်ဆုံသည်
လိုအပ်သော အမျိုးကိုထောက်ပံကာ စိတ်ချမ်းသာစေသည်
မိသားစု ပျော်စရာကိစ္စ၊ အခမ်းအနားစသည်
ကျေးလက် တောရွာတွင်နေထိုင်ခြင်း

Page of Cups
ကြည်နူးစရာကောင်းသည်
ပျော်စရာကောင်းသည်
မသိစိတ်မှ ဖြစ်လာသော ခံစားမှုဆိုင်ရာ စိတ်ကူး
ချစ်ရန် စိတ်ပါသည်
စိတ်ထဲနှလုံးထဲ ထိမှန်စေသော သတင်းစကား
ကလေးဆန်သည်/ အထိမခံဖြစ်သည်
ချစ်စရာကောင်းသော မျက်နှာချိုသောကလေး
အဆော့သန်သည်
အနောက်သန်သည် အပျော်အပြက်ကိစ္စ
ကြင်နာသော
စိတ်ထဲပါသည်ကို လုပ်သည်
စိတ်ကူးယဉ်ကာ စိတ်ကူးကိုကောင်ထည်ဖော်ပြီးလုပ်သည်
စိတ်ချင်းနီးစပ်မှု ထပ်လောင်းရသည်
အချစ်ကြည်ဆယ်သည် ကြည်နူးဖွယ်ဖြစ်အောင်လုပ်သည်
ရည်းစားစာ
အချစ်နှင့်စတွေ.သည်
ပြန်လည်ကာ စိတ်ချင်း နီးစပ်သည်
Knight of Cups
စိတ်ကြည်နူးဖွယ်ရာ
ကဗျာ၊ ရသစာပေ၊ အနုပညာ
အလှအပခံစားစရာကိစ္စ
စိတ်ပါဝင်စားတဲ့အတိုင်းလုပ်သူ
အများ၏အမြင်ကို မျှဝေခံစားနိုင်သူ
စိတ်အတက်အကျမြန်သူ
ခုချစ်၊ ခဏနေမုန်းဆိုသလို စိတ်အပြောင်းအလဲမြန်သူ
ဖြစ်လာနိုင်သည့် ရေရှည်ကိစ္စတို့ကို မတွေးဘဲ စိတ်ရှိသည်ကိုလုပ်သူ
ညှို့အားရှိသော စကားပြောကောင်းသူ
ကာမစိတ်တက်ကြွအောင် နှိုးဆွသူ
အဆန်းအပြားမဖြစ်နိုင်ဆိုသောလမ်းကိုမှ စိတ်ပါဝင်စားမှု နောက်လိုက်ကာ လက်တွေ.မဆန် လုပ်ကိုင်သည်
စိတ်ခံစားချက်သမား စိတ် အစွန်းရောက်လွယ်သူ
ရေလမ်းခရီးသွားသည်

Queen of Cups
ဆတ်ဆတ်ထိမခံနိုင်သူ / ခံစားလွယ်သူ
တွေးခေါ် ချင့်ချိန် ဥာဏ်ပညာ
ချစ်မြတ်နိုးသည်
စိတ်ညို့ဆရာ၊ အိပ်မွေ.ချသူ စသည်
စိတ်ကူးယဉ်သူ
စိတ်ခံစားချက်ပြင်းထန်သည်
လူများကို ကျေနပ်ပျော်ရွှင်စေနိုင်သူ
အချစ်ထဲ နစ်ဝင်နေသည်
ခံစားချက်များကို နားထောင်ပေးသူ။ ရင်ဖွင့်ဖော်
သူတပါးခံစားချက်ကို နှစ်သိမ့်ဆွေးနွေးနိုင်သူ
ခံစားချက်ကို စွဲကိုင်ကာ မိမိယုံကြည်ချက်နှင့်လုပ်သည်
အနစ်နာခံသော ချစ်မြတ်နိုးတတ်သော အမေ
ရေနှင့်နီးစပ်သော
အနုပညာရှင်ကြီး
စိတ်ညစ်သူ စိတ်ကျလွယ်သူ
သူ့သဘောသူ့အတ္တရှေ့တန်းထားကာ အခြားသူများကို လိမ်လည်လှည့်ဖြားကာ လုပ်ဆောင်စေသည်။
King of Cups
ခံစားချက်ပြင်းထန်မှု ။ မာန်။ စိတ်ခံစားချက်အား။
ရှေးရိုးစွဲ၊ စာအုပ်ကြီး။
မိမိခံစားချက်ကို သိနားလည်သည် ထိန်းနိုင်သည်
ခံစားချက်နှင့် ပတ်သတ်၍ အကြံပေးကောင်းသူ
နှစ်သိမ့်ကာ အကြံပေးလမ်းညွှန် တတ်သူ
ခံစားမှုများကို ရင်ဖွင့်ပါက အကြံကောင်းပေးနှစ်သိမ့်သူ
နှစ်ဦးနှစ်ဖက် ကြားဝင်စေ့စပ်နိုင်သူ
နားလည်တတ်သော အဖေ
စိတ်ကူးစိတ်သန်းကောင်း သလို လက်တွေ. အကောင်အထည် ဖြစ်အောင်လည်း နည်းရှာတတ်သူ
အနုပညာနှင့် အလှအပ နှစ်သက်သူ
ခံစားမှုကို ရှေ့တန်းမတင်ဘဲ တည်ငြိမ်စွာ ထိန်းနိုင်သူ
ယုံကြည်နိုင်သော သစ္စာရှိသူ
ရိုက်ခတ်မှု လှိုင်းထန်သော်လည်းခံနိုင်ရည်ရှိသည်
အတည်ပြု ဆုံးဖြတ်သည်