မိတ်ဆက်



တားရော့ tarot ဆိုတာ...
ကဒ်ထုပ်ကလေးတစ်ခုပါ။ အထဲမှာ ပုံတွေရေးထားတဲ့ ကဒ် ၇၈ ချပ်ပါပါတယ်။
၁၅ ရာစုလောက်မှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ ယခုဆယ်စုနှစ်များအတွင်းမှာ အသုံးကျယ်ပြန့်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တားရော့ဟာ သင်ဂရုမပြုမိတဲ့ အချက်တွေ.. အတွေးအခေါ်နဲ့ အမြင်သစ်တွေကို ဆောင်ကျဉ်းပေးပြီး သင့်ဘဝကို ပိုမို စိုပြေစေနိုင်လို့ပါပဲ။

တားရော့ tarot ဟာ...
အစွမ်းထက်တဲ့ အသုံးဝင်ပစ္စည်းတစ်ခုပါပဲ။ သူကသင့်ကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ ဖန်တီးပေးမှာ မဟုတ်ပါဘူး။ သင်ကိုယ်တိုင်ဖန်တီးရမှာပါ။ တားရော့ဟာသင့်ရဲ့ လက်နက်တစ်ခုထက်မပိုပါဘူး။

တားရော့ tarot နဲ့ပတ်သက်လို့...
အယူအဆမှားတွေ ကြောက်ရွံ.မှုတွေ များစွာရှိပါတယ်။ တားရော့က သင့်ကို ရင့်ကျက်စေမှာပါ။ ကံကောင်းခြင်း ကံဆိုးခြင်းတွေဟာ သင်နဲ့သာဆိုင်တယ်။ တားရော့က ကူညီစောင့်ရှောက်လို့ သင်ဟာကံကောင်းခြင်းတွေဆီ အမြန်ရောက်ပြီး ကံဆိုးခြင်းတွေကနေ အမြန်ထွက်မြောက်နိုင်မယ်။

တားရော့ tarot ဆိုတဲ့...
ကဒ်လေးတွေဟာ ဗေဒင် နက္ခတ်ထက်ပိုပါတယ်။ အတွေးအမြင်သစ်တွေ အကြံပေးတာတွေပြည့်နှက်နေပါတယ်။

tarot တားရော့မေဂျာကဒ် Major ၂၂ ချပ်ရှိပါတယ်။
tarot တားရော့မိုင်နာကဒ် Minor ၅၆ ချပ်ရှိပါတယ်။

အချို.က အကုန်လုံးသုံးပါတယ်။
အချို.က Major သာသုံးပါတယ်။

ဒီဆိုက်မှာ Myanmar Tarot Meaning pdf တားရော့အဓိပ္ပါယ် မြန်မာ ကို pdf ရယူနိုင်ပါတယ်