Sword

Ace of Swords
အကြံအစဉ်သစ် အစီအစဉ်သစ်
ဆုံးဖြတ်ချက်ချသည်
ဥာဏ်ရည်ကောင်း၊ ဥာဏ်ကွန့်မြူးလိုက်သည်
စိတ်ဓာတ်ခွန်အား
အမှန်တရားကိုရှာဖွေသည်
ရှူ.ထောင့်တစ်ခုမှ စဉ်းစားတွေးခေါ်ပုံအသစ်
မိမိကိုယ်ကိုယုံကြည်ချက်ရှိသည်
သံသယရှင်းရန် ကြံစည်သည်
အမှားကိုအမှန်ဖြစ်အောင်လုပ်သည်
ပြသနာတစ်ရပ်ကို ဖြေရှင်းသည်
စဉ်းစား ပိုင်းခြားကာရင်ဆိုင်သည်




Two of Swords
ဝေခွဲ ဆုံးဖြတ်ရခက်သည်
မသေချာမရေရာဖြစ်သည်
အယူအဆ အတွေးအခေါ်များ ရောထွေးရှုပ်ပွသည်
တစ်ယောက်ယောက်ကို ထိခိုက်နစ်နာမည်စိုး၍ လုပ်ရခက်နေသည်
သမာသမတ် ဘက်မလိုက်၍ တစ်ယောက်ယောက် ထိခိုက်နစ်နာသည်
ခံစားချက်ကို မျိုသိပ် မျက်စိမှိတ်ကာ လုပ်နေရသည်
ဖြစ်ချင်သည်ထက် ခေါင်းသုံးကာ လုပ်နေရသည်။
ဖြစ်ချင်သည်ထက် လက်တွေ.ဆန်စွာ ခေါင်းသုံးလုပ်ပါ
ခံစားချက်ထဲပိတ်လှောင်နေရအောင် လှစ်လျူရှု ခံရသည်
ရပ်ဆိုင်းရှူံးပေးရသည်
အပယ်ခံ ကျဉ်ခံရ၍ တစ်ယောက်ထဲဖြစ်သည်။
ဘာလုပ်သင့်သလဲဆိုတာ စဉ်းစားရန် ခဏနောက်ဆုတ်သင့်သည်

Three of Swords
အစားထိုးခက်သော ခက်ခဲသော ဆုံးရှူံးမှု
အလုပ်ထုတ်ခံရသည်
ထင်ထားသည်များဖြစ်မလာ၍ ရှူံးသည်
နှလုံးနာသည်၊ နလုံးရောဂါ
ဝမ်းနည်းမှု
သစ္စာဖောက်ခံရသည်၊ သစ္စာဖောက်သည်
ခွဲခွာခြင်း၊ ကွဲခြင်း
တစ်ခုလိုအပ်၍ တစ်ခု စတေးလိုက်ရသည်
ဆုံးရှူံးမှုသည် ရင်ကျက်ရန် ဟုသာမှတ်ယူပါတော့
ကြေကွဲဝမ်းနည်းမှု
အထီးကျန်ဆန်သော ကြေကွဲခြင်း




Four of Swords
အိပ်စက်နားယူသည်။
အကြံသစ်များဖြစ်ပေါ်ရန် နွမ်းနယ်နေသည်ကို ခဏနားခြင်း
အေးချမ်းသောနေရာသို့ ခဏ ဆုတ်ခွာနားသည်
စိတ်ဖိစီးခံနေသည်ကို ပြန်အားတက်ရန် နား သည်
အကြံကောင်းတစ်ခု ကိုမွေးမြူပျိုးထောင်သည်
ငြိမ်ပြီးနားနေသည်မဟုတ် အကြံထုတ်နေသည်
အနာဂတ်အရေး တိတ်တဆိတ်နားကာ အကြံထုတ်သည်
အကြံကောင်းမရခင် မျှောထားသည်
မိမိကိုယ်ကို ရှု့ထောင့်မျိုးစုံမှ  ဝေဖန်ဆန်းစစ်ကာ ပိုကောင်းသော အမြင်ရအောင်လုပ်သည်






Five of Swords
တစ်ကိုယ်ကောင်းဆန်၊ မိမိအတွက်သာကြည့်လုပ်သည်
သဘောမတူ
ဆက်ဆံရေးပျက်
သူများအပေါ် လှည့်ပတ်အကြံများသည်
နိုင်လိုက်သည် သို့သော် ဘာတွေများပေးလိုက်ရပြီလဲ
မိမိပုံရိပ်ထိခိုက်ခံ / ဂုဏ်သက္ခာကိုရင်းကာ / သူတပါးကို ထိခိုက်ကာ အကြံထုတ်အနိုင်ယူလိုက်သည်
အသေးအဖွဲကိစ္စအတွက် နာမည်ကိုရင်းသည်
သူတပါးကဲ့ရဲ့မည်ဆိုး၍ ဥာဏ်များကာ မိမိ စိတ်ထိခိုက်ခံပြီး မိမိကိုယ်ကိုဂုဏ်တက်အောင်လုပ်သည်
အကြံများသည်
သူတပါးဆန္ဒကို ဂရုမစိုက်ဘဲ မိမိလုပ်ချင်ရာကိုလုပ်
ပရိပက္ခဖြစ်ပွားသည်
ရိုးသားမှုကို အလွဲသုံးစားလုပ်ကာ နာမည်ပျက် ဘက်ရောက်သွားသည်

Six of Swords
ဆုတ်ခွာသည်
ခက်ခဲသော အပြောင်းအလဲကာလ
ရေလမ်းခရီးသွားသည်
အကြံတစ်မျိုးပြောင်း ပုံစံတစ်မျိုးပြောင်းသည်
အကြံဖြင့် ဝေးရာသွားသည်၊
စိတ်ထိခိုက်မှုကြောင့် ထွက်ခွာသည်
နာမည်ပျက်ကြောင့် အဝေးသွားသည်
တစ်ဖက်သို့ ကူးလိုက်သည့်အတွက် ပုံစံပြောင်းလိုက်သည့် အတွက် ဒဏ်ရာများကိုချန်ခဲ့ကာ စိတ်သက်သာရာရသည်
ဒဏ်ရာသက်သာအောင်လုပ်သည်
လုံးဝအသစ်တစ်ခုပြောင်းသည်




Seven of Swords
ထွက်ပြေးသည်
ပွဲလမ်း ဂီတသဘင် မသွားချင်
အလွယ်လမ်းလိုက်သွားသည်
တိတ်တဆိတ် ထွက်သွားသည်
အခြားသူများမသိအောင် သို့မဟုတ် ဆန့်ကျင်ကာ တစ်ကိုယ်တည်းလှုပ်ရှားသည်
လေနံနှစ်ဖက်နင်းသည်
အကြံကြီး/ အကြံများသည်
ကတိကဝတ်ဖျက်ပြီး ရှက်စရာကိစ္စကို၊ မိသွားလျှင် ဂုဏ်သတင်းပျက်မည့်ကိစ္စကို ခိုးလုပ်သည်။
ခြေရာလက်ရာ ဖုံးဖိသည်
နည်းပရိယာယ်
စိတ်ဓာတ်စစ်စင်ရေး (သို့) စိတ်ရောဂါစစ်စာမေးပွဲ
သတင်းအချက်အလက်/လေ့လာချက်ကို စုဆောင်းသည် ခိုးသည်
အချိန်ခိုးသည်၊ ရင်မဆိုင်သေးဘဲ အကြံများနေသည်
လှည့်စားခဲ့မိသည်ကို အပြစ်ဟုထင်လာသည်
Eight of Swords
အကြောင်းတစ်ခုခုကြောင့် မိမိကိုယ်ကို အားနည်းသွားသည်ဟု ထင်မိသည်
မိမိဘာသာလုပ်ယူမိသည့် အထင်များထဲပိတ်မိသည်
သင့်အတွေးသည် သင်ကိုယ်တိုင်ရွေးလိုက်ခြင်းဖြစ်သည် လွတ်မြောက်ပါစေ အားအင်ရှိစမ်းပါ
ဖျောက်မရ ပေါ်ပေါ်လာသော မိမိအတွေးများ
ရွေးစရာလမ်းမရှိဟု မိမိဘာသာထင်သည်
အစွန်းရောက် ယုံကြည်မှုများက ကိုယကိုယ့်ကိုပြန် ကန့်သတ်နေမိသည်
ဆင်ခြေများ
စိတ်အားလျော့စရာ (သို့) ပိတ်မိနေသလို (သို့) ဘာလုပ်ရကောင်းမှန်းမသိ (သို့) အားငယ်လာသလို စိတ်ခံစားစရာတစ်ခု မိမိဖာသာ ဖြစ်နေသည်



Nine of Swords
ညအိပ်မရဖြစ်၊ အိပ်မရသောရောဂါ
ဖျားနာခြင်း
မျှော်လင့်ချက်မဲ့သွားမှု
စိတ်ကျရောဂါ
သန်းခေါင်ထက် ညဥ့်မနက်နိုင်
ကြောက်ရွ.ံခြင်း၊ ပူပန်ခြင်းများဖြင့် နှိပ်စက်ခံနေရ
အိပ်မက်ဆိုးများ
အတွေးများကြောင့်အိပ်မရ ၊ ညဘက်တွင်ပူပန်သည်
ရောဂါအခြေအနေကိုပူပန်နေ
တစ်ယောက်ယောက်ကို ဖွင့်ပြောကာစိတ်သက်သာပါစေ
(သို့) စာအုပ်တွင်ရေးလိုက်ပါ။ သက်သာရန်လိုနေပြီ။
ပြသနာကိုဖြေရှင်းပါ မဟုတ်လျှင်ပူလို့မဆုံးဖြစ်မည်
အဆင်ပြေပါ့မလားတွေးပူသည်
အပြစ်များအတွက်ပူလောင်သည်
ငိုချင်လာသည် ခံနိုင်သောအတိုင်းအတာထက်လွန်လာပြီ ဟုခံစားလာရသည်။

Ten of Swords
အဆုံးနိုင်ဆုံးသော အခြေအနေရောက်သည်
သန်းခေါ်ထက်တော့ ညဥ့်မနက်တော့ပါ
အောက်ဆုံးရောက်မှတော့ ဘာဖြစ်ဖြစ်ပိုကောင်းတာသာ လာတော့မှာသေချာနေသည်ဟု သာမှတ်လိုက်တော့
ဘာကြောင့်များငါဖြစ်ရတာလဲ ? တရားခံဖြစ်သည်။
ငါမှ ရွေးပြီး ခံရသည်
အနစ်နာခံရသည် အခြားသူများကောင်းသွားသည်
အဖြည့်ခံ ဓားစာခံ မြေစာပင်
ကိုယ့်ကိုယ်ကိုတောင် သနားမိသည်
အရှူံးပေးလိုက်သည်
အလုပ်စသည် မှထွက်သည်
ကိုယ်ကသာ အနစ်နာခံသည် ဘယ်သူမှ ပြန်ပင်မကြည့်ပါ




Page of Swords
အတတ်ပညာ ကျွမ်းကျင်မှုသစ်တစ်ခု သင်ကြားသည်
အသင့် သတိထားသည်
နိုးကြွသည်
စပ်စုသည် စူးစမ်း စမ်းသပ် ဆန်းစစ်သည်
အမှန်တရားနှင့် တရားမျှတမှုကို ရှာဖွေသူ
အမှန်ကိုသိရရန် စွန့်စားပြီး အခြားသူများနှင့်ဆက်သွယ်သူ
အာရုံ ကိုတစ်ခုခု အပေါ် စူးစိုက်သည်
သတိဖြင့် ဥာဏ်ဖြင့်လုပ်ကိုင်သည်
ဥာဏ်ဖြင့် သေချာလုပ်မှ အောင်မြင်မည်ဟု ယူဆယူ
ဒဲ့ဒိုးပြောသည် ရိုးသာစွာလုပ်သည် စသည်
အမှန်တရားမြတ်နိုးသည်၊ မျှတမှုရှိစေချင်သည်
အရှူံးမပေး အားအင်သစ်မွေးကာ ထပ်လုပ်သည်




Knight of Swords
ပုန်ကန်ထကြွ
အသေအလဲ စဉ်းစား
စိတ်မရှည်တတ်
အမှန်တရားရှာဖွေသူ
အကုန်သိအကုန်တတ်
ငါမှန်ရင်အကုန်လုပ်တယ်
အားပါပါနှင့် အကျိုး တကယ်ရအောင်လုပ်သူ
မုန်တိုင်းထန်သည်
အမြန်ခရီးနှင်သည်
ဥာဏ်ကောင်းကောင်းနှင့် လက်တွေ.ဆန်ဆန် စိတ်ကို နှစ်ကာ စဉ်းစား
ပဟေဠိကို အဖြေထုတ် ဖြေရှင်းနိုင်သည်
ခံစားမှုထက် ဥာဏ်ကိုအားကိုး
ချက်ကျလက်ကျ ဒဲ့တိုးလုပ်သည်
ကိုယ့်တွေးခေါ်ယူဆကိုသာ ရှေ့တန်းတင်သူ လာမရှုပ်နဲ့မကြိုက်ပါ
ဥာဏ်ကောင်းသော်လည်း ဒုက္ခတွေ.တတ်သည်
Queen of Swords
ဥာဏ်ကောင်း
မိမိကိုယ်ကို ဂရုပြုပြီး ကိုယ့်ကိုယ်ကို နားလည်သူ
ရိုးသားသူ
မျှတသူ
ကိုယ့်ကိုယ်ကို အားကိုးသူ
တခုလပ်၊ ကွာရှင်းထားသူ။ မုဆိုးမ
ဆုံးဖြတ်သူ
စနစ်တကျ လေ့လာဆန်းစစ် စစ်ဆေးသူ
အမှန်တရားကိုကာကွယ်သူ
အရေးပေါ်အတွက် ငွေအရန်ချန်ထားသူ
မျှော်မြင်ကြီးသူ
ကိုယ့်ကိုယ်ကို ဝေဖန် အပြစ်ရှာ လေ့လာဆန်းစစ်ကာ ခြောက်ပစ်ကင်းသဲလဲစင် ဆရာကြီးဖြစ်ချင်သူ
သူတပါးကိုမမှီခိုရသောအလုပ်လုပ်သူ
ကြီးမားသောဆုံးရှုံးမှုဒဏ် ကိုခံဖူးသူ
အကြံကောင်းကို ပရောဖက်ရှင်နယ်ပီသစွာပေးတတ်သည်

King of Swords
ဥာဏ်ကြီးရှင်
မျှတသောလူမှန်ဖြစ်ပြီးလူကြီးဆန် ရင့်ကျက်တည်ငြိမ်သူ
ကိုယ့်ဖာသာပင် ဖိအားမပါဘဲ ဝန်ခံရဲသူ
မျှတဖို့အတွက်ဆို အင်အားအလွန်သုံးပြီး မြန်ဆန်သူ
ဖြစ်နိုင်မဖြစ်နိုင်ကို ဝေခွဲရာတွင် သူတပါးခံစားချက်သာမက ကိုယ့်စိတ်ခံစားမှုပါ မတွေးဘဲ အမှန်အတိုင်းလုပ်သူ
အလွန်တော်သော ရှေ့နေ၊ တရားသူကြီး
နားလည်ရခက်သော အခြေအနေတွင် ကိုင်တွယ်နိုင်သူ
ရင်းနှီးမှုထက် အယူအဆကောင်းကိုသာ ရှေ့တန်းတင်သူ
အမှုအခင်းကိစ္စ
ဥပဒေကြောင်းကိစ္စ
စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ
သူများနားလည်အောင် ထိထိမိမိရှင်းပြတတ်သူ
ဘာသာစကားများစွာ တတ်မြောက်လွယ်သူ
မျှတသူ