ဟောနည်း - အဆင့်များ

၁။ နေရာထိုင်ခင်းပြင်ဆင်ပါ။ ပိတ်စကို ဖြန့်ခင်းပါ။

၂။ စိတ်ကို ငြိမ်သက်စွာထားပါ။ မငြိမ်သေးပါက
အသက်ကိုဖြည်းဖြည်းမှန်မှန်ရှူပြီး ငြိမ်အောင်အရင်လုပ်ပါ။

၃။ မေးခွန်း စာရွက် (သို့) မေးမည့်သူ (သို့) မေးသောသူ၏မေးခွန်း ကို စိတ်အာရုံညွတ်ပါ။

၎။ တားရော့ကို နှိုးပါ။ နည်းအမျိုးမျိုးသုံးနိုင်ပါသည်။
တားရော့ကို  .......................... ကူညီပေးပါ / ထပါလော့/ လမ်းညွှန်ပေးပါ စသည်ဖြင့်နှိုးပါ။

၅။ ကဒ်များကို ထုတ်ပါ။ ဖဲလိုမရောရပါ။ အလယ်/အောက်မှကဒ်များကို အပေါ်သို့တင်ကာ ရောပါ။ ဟောမည့်သူမှအရင်ရောပါ။ ထို့နောက် ရောလိုက မေးသူလည်းရောနိုင်သည်။

၆။ ကဒ်များအားလုံးကို မှောက်ရက် ဖြန့်လိုက်ပါ။ ဟောရန်ကဒ် (သို့) ကဒ်များ ကို မေးသူမှ ရွေးချယ်ပါ။ ရွေးပြီးမှ စိတ်ဘဝင်မကျပါက စိတ်ကြိုက်လဲနိုင်ပါသည်။ အသစ်လည်း ရွေးနိုင်ပါသည်။
spread ပုံစံဆိုပါကလည်း နေရာလဲနိုင်ပါသည်။

၇။ သေချာပြီ စိတ်တိုင်းကျပြီဟုဆိုသောအခါ တစ်ချပ်ခြင်းလှန်ပါ။ ဟောသောအခါ မေးသူ၏ တားရော့အတွေ.အကြုံသည် လုံးဝ မသက်ဆိုင်ပါ။ ဟောသူ၏ အဟောနှင့် အတွေ.အကြုံကိုသာ အတည်ယူရမည်။

တားရော့ဟောနည်း

တားရော့ tarot မှာ ဟောနည်းစနစ်ရယ်လို့ မရှိပါ။ မရှိလည်းမရှိခဲ့ပါ။ ပုံသေနည်းမရှိပါ။ တစ်ယောက်ချင်းစီ အလိုက် မတူကွဲပြားပါလိမ့်မယ်။ အဓိပ္ပါယ်ကောက်ယူတာလည်းဒီအတိုင်းပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကွာမှာပါ။

ဒီတော့ ကဒ်တစ်ကဒ်ကို ကြည့်လိုက်ပြီဆိုရင်...

၁။ ကိုယ့်စိတ်မှာ ကဒ်ရဲ့ အဓိပ္ပါယ်နဲ့ သဘောတရားကို ဘယ်လိုမြင်လဲ တွေးပါ။

၂။ ကိုယ့်မေးခွန်း ဒါမှမဟုတ် ကိုယ့်အဖြစ်အပျက်နဲ့ ဘယ်လိုဆက်စပ်နေပါသလဲကြည့်ပါ။

၃။ ကဒ်အဓိပ္ပါယ်များ ဆိုပြီး ဒီဆိုက်မှာရေးထားတာတွေရှိပါတယ်။ အဲ့ဒါတွေနဲ့ကိုက်ကြည့်ပါ။

၎။ ကိုယ်ဖတ်သက်ရင့်လာတာနဲ့အမျှ ကြုံခဲ့ရတဲ့ အတွေ.အကြုံကိုထည့်သုံးတတ်လာလိမ့်မယ်။

၅။ ကဒ်ရဲ့ ပုံထဲက အရာတစ်ခုခု နဲ့ အပြင်မှာ ရှိတာတစ်ခုခုနဲ့ ဆက်စပ်နေတယ်လို့ ခံစားမိလား။

၆။ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်စွာ အကောင်းအဆိုးနှစ်ဖက်လုံးမနင်းဘဲ ပုံမှန်တည့်တည့်ကနေ ခံစားချက်ပြင်းပြင်း မပါဘဲ စိတ်ထဲထင်သည့်အတိုင်းဖတ်ပါ။

၇။ ဘယ်တော့မှ မကောင်းသည်ကို အတင်းလုပ်ယူကာ အကောင်းမဟောပါနှင့်။